
ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများရောင်းချ သည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိသည်။ အုန်းသီးများမှာ ချောင်းဆုံဒေသမှထွက်ရှိသည့် အုန်းသီးများအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိသည်။ အုန်းသီးမှာ အုန်းစိမ်းနှင့် အုန်းသီးခြောက်ဟူ၍ ရှိပြီး အုန်းစိမ်းများမှာ အညှာမပြတ်ခူးဆွတ်ရ၍ သာသနာပွဲများနှင့် ကန်တော့ပွဲများတွင် အသုံးပြုကြကြောင်း၊ အုန်းသီးခြောက်ကိုမူ မုန့်များပြုလုပ်ရန်နှင့် သရေစာစားသုံးရန်အတွက် အသုံးပြုကြကြောင်း၊ ကန်တော့ပွဲအုန်းမှာ (၁) လုံးလျှင် (၉၀၀၀) ကျပ်၊ ဒေသတွင်းထွက်ရှိသည့် အုန်းသီးခြောက် (၁) လုံးလျှင် (၄၀၀၀) ကျပ်၊ အုန်းစိမ်းရည်သောက်သည့် အုန်းသီးစိမ်း တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးခြောက် (၁) လုံးလျှင် (၅၀၀၀) မှ ကျပ် (၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)