Main menu

ဂျပန်နိုင်၏ ဆန်ဈေး ၉ပတ်ဆက်တိုက်ကျဆင်း

Powered by Drupal

        ဂျပန်နိုင်ငံ၏ ဆန်ဈေးသည် ၉ပတ်ဆက်တိုက် ကျဆင်းနေပြီး ဇူလိုင်လ၂၀ရက်နှင့် ဆုံးသည့် အပတ်အတွင်း ၅ကီလိုဂရမ်လျှင် ၃၅၈၅ ယန်း(အမေရိကန်‌ဒေါ်လာ ၂၄.၁၆ခန့်) ရောက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန၊ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏ အချက်အလက် များ အရသိရပါသည်။

       ဈေးနှုန်းများဆက်တိုက်ကျဆင်းနေသော်လည်း အရင်အပတ်ကထက် ၄ယန်းလောက်သာ ကျဆင်းနေပြီး၊ ကျဆင်းမှုနှေးကွေးသွားခြင်းကို ပြသလျှက်ရှိပါသည်။

       MAFF အဆိုအရ မကြာသေးခင်က ဆန်ဈေးတည်ငြိမ်လာခြင်းမှာ သိုလှောင်ထားရှိသည့် ဆန် များကို ရောင်းချခြင်း နှေးကွေးလာသောကြောင့် ဖြစ်ပါသည်။

    ဇူလိုင်လ ၂၀ရက်နှင့်ဆုံးသော အပတ်အတွင်း သိုလှောင်ဆန်စုစုပေါင်း ၁၃၁၀၈တန် ရောင်းချခဲ့ပါသည်။ ဇွန်လအလယ်ပိုင်းမှစ၍ ဆန်ရောင်းချမှု တည်ငြိမ်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားပါသည်။

      MAFF သည် နိုင်ငံတစ်ဝန်း ဆိုင်၁၀၀၀ခန့်မှ အပတ်စဉ်ဈေးနှုန်းအချက်အလက်များကို ကောက်ယူလျှက်ရှိကြောင်း သိရပါသည်။

DOCA (ရန်ကုန်)