Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံးဝင်းအတွင်းရှိ မြေကွက်လပ်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ငှားရမ်းနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၇.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် စားသုံးသူရေးရာဦးစီးဌာန မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန တို့ပါဝင်သော ကြမ်းခင်းဈေးသတ်မှတ်ရေး အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးဝင်းအတွင်းရှိ ဌာနပိုင် မြေကွက်လပ် (အလျား ၄၀’ x အနံ ၆၀’) အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းနိုင်ရေး၊ ကြမ်းခင်းဈေးသတ်မှတ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA (မွန်)