Main menu

အထက(၁) မုဒုံနှင့် အထက (၂) မုဒုံကျောင်းတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

Powered by Drupal

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် မုဒုံမြို့နယ်၊ အထက (၁)နှင့် အထက (၂) ကျောင်းတို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲများတွင် ကျောင်းအုပ် ဆရာမကြီးများက အဖွင့်အမှာစကား ပြောကြား ခဲ့ကြပြီး မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းနောင်က ဌာနအကြောင်း သိကောင်းစရာများ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။  

          ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)