Main menu

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

  ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၀၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၈၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၂၁၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၇၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

   ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၄၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၀၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၂၂၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၇၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၆၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၈၅)ကျပ် ဈေးနှုန်းမြှင့်တက်လာ ကြောင်း၊  ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၅)ကျပ် ဈေးနှုန်းအနည်းငယ် ကျဆင်းကြောင်းနှင့် ရိုးရိုးဒီဇယ် ဈေးနှုန်းမှာ တည်ငြိမ်နေကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)