
ကရင်ပြည်နယ်၊ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် ရွှေဖရုံသီးကို တပိုင်တနိုင်စိုက်ပျိုး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးများရှိ ရွှေဖရုံသီးများသည် ဒေသထွက် ရွှေဖရုံသီးရှိသလို အခြားဒေသမှဝင်ရောက်လာသည့် ရွှေဖရုံသီးများလည်းရှိကြောင်း သိရသည်။
ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသထွက်ရွှေဖရုံသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထားကာ လာရောက်ရောင်းချကြသည်။ ရွှေဖရုံသီးများကို ရောင်းချဝယ်ယူရာတွင် အရွယ်အစား လိုက်ပြီး ဈေးနှုန်းကွာဟမှုရှိသည်။ ရွှေဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး အလုံသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ရွှေဖရုံသီး အလုံးသေး တစ်ပိဿာလျှင် (၁၀၀၀၊ ၁၅၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခင်လ ရွှေဖရုံသီးဈေးနှုန်းနှင့် ယခုလ ရွှေဖရုံသီး ဈေးနှုန်းမှာ အနည်းငယ်မျှသာ ကွာဟမှုရှိပြီး ယခုလိုကွာဟရခြင်းမှာ မိုးရာသီ ဝါတွင်းကာလ ဖြစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)