
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်ကုမ္ပဏီများအကြား နိုင်ငံတော်၏ အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် သဘော တူညီချက် (၉) ခုကို ၃၀-၇-၂၀၂၀၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘောဒီးယား-တရုတ်စက်မှုဥယျာဉ်မြှင့်တင်ရေးဖိုရမ်တွင် Jiangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Zheng Yuandong နှင့် Jiangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး Zheng Ling တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ MoC ၏ ကြေညာချက်အရ ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည်တည်တံ့သော တိုးတက်မှုနှင့် စက်မှုဖွံ့ဖြိုး တိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အထည်ချုပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ရည်မှန်းထားသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား၏ အလားအလာရှိသော ထုတ်ကုန်များ တင်ပို့ရောင်းချမှု မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးနှင့် စျေးကွက်ရရှိရေး အခွင့်အလမ်းများ ပိုမိုနက်ရှိုင်းလာစေရန်အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။
DOCA (ရန်ကုန်)