Main menu

ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးကောင်းရ

Powered by Drupal

  ကရင်ပြည်နယ်၊ ဘားအံမြို့ ဩဂုတ်လဒုတိယပတ်အတွင်း ဘားအံမြို့ပေါ်ဈေးကွက် အတွင်းသို့ ရေချိုတောငါးများ ဝင်ရောက်ကာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

  အခြေခံစားကုန်များတွင် ပါဝင်သော ဒေသထွက်ရေချိုငါးများဖြစ်သည့် ငါးဇင်ရိုင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးပဲဖြူ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးခုံးမ တစ်ပိဿာလျှင် (၁၅၀၀၀)  ကျပ်၊ ငါးသံချိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးစင်စပ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးသလဲထိုး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်တို့ဖြစ် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

  ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကို အခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များ ပေါများပြီး ဒေသထွက်ရေချိုငါးများထွက်ရှိသည်။ ဘားအံမြို့အနီးတဝိုက် ကျေးရွာများရှိ ဒေသခံအချို့သည်သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ်ဖြင့်အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တနိုင်တပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထား လာရောက်ရောင်းချကြောင်း  သိရသည်။

DOCA(ကရင်)