Main menu

ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါ‌‌‌ခေါင်လပြည့် အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကို ၈.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

   ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက (ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် အလှူရှင်များက အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခဲ့ကြသည်။

   အဆိုပါ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို မော်လမြိုင်မြို့၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၂၅၅) ကျောင်းအတွက် လှူဒါန်းငွေ ကျပ်သိန်း (၇၈၀) ကျပ်ကို စာရေးတံမဲနှိုက်၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ ရှေးအစဉ်အလာ မွန်ဘိုးဘွားများ နှစ်စဉ်ကျင်းပလှူဒါန်းခဲ့သော အနုဂါမိက (ရွှေအိုး)မြှုပ်နှံ လှူဒါန်းခြင်းကို သမိုင်းဝင်ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်မှာ (၁၃၄) ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

DOCA (မွန်)