Main menu

အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလမှစတင်၍ တောင်သူ(၆၀)ဦးခန့်မှ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုး ထားပြီး  ဇူလိုင်လ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မယ်ဇလီတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်()ဧကခန့် ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့်  သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုးပြီး ()ဧကလျှင် မျိုး()ပြည် ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ ()ပြည်လျှင် ကျပ်(၁၅၀၀၀-၂၀၀၀၀)ပေးရကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၇၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း ရေ(၇)တင်းမှ(၁၂)တင်းထိထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၄၀၀၀၀)ဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၉၈၀၀၀၀ မှ ၂၁၈၀၀၀၀) ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထို့ပွဲရုံများမှတဆင့် မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း၊ ယခုနှစ်တွင် အထက်မင်းလှမြို့နယ်အတွင်း မိုးနှမ်းစိုက်ပျိုး ရာတွင် မိုးရွာသွန်းမှုများ၍ နှမ်းစိုက်ခင်းများပျက်စီးဆုံးရှုံးမှုရှိပြီး အထွက်နှုန်းမှာ လျော့နည်းခဲ့ သော်လည်း ဈေးကောင်းရသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုး အမြတ်များရရှိခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)