Main menu

ရှမ်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိ

Powered by Drupal

    တောင်ကြီးမြို့တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များပူးပေါင်း၍ ဆန်နှင့်စားသုံးဆီများကို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် ဆီ(၁.၅)ပိဿာနှင့် ဆန်(၆)ပြည်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက်(၀၈:၃၀)နာရီ အချိန်မှစ၍ ညနေ (၀၄း၀၀)အချိန်အထိ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် နိုင်ငံဝန်ထမ်းအငြိမ်းစား ဝန်ထမ်း(၂၇၂၃)ဦးအား ဧရာဝတီပေါ်ဆန်း(၁၃၉)အိတ်၊ ဧည့်မထဆန်(၁၆၄)အိတ် ဆန်အိတ်ပေါင်း(၃၀၃) အိတ်နှင့် စားသုံးဆီပိဿာပေါင်း (၄၀၈၄.၅)ပိဿာတို့အား ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားလေ့ကျင့် ရေးဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ရှမ်း)