
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ နှင်းသီး၊ ထောပတ်သီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညင်းသီးနှင့် ဖရဲသီးများကို မန္တလေးမြို့နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရ သည်။
ချစ်စရာအရောင်အသွေးနဲ့အရသာရှိတဲ့ နှင်းသီးမှာ အဖြူရောင်၊ နှင်းဆီရောင်၊ အစိမ်းရောင်နှင့် ချယ်ရီရောင်စသည့် အရောင်အသွေးမျိုးစုံရှိပြီး နှင်းသီးကို စားသုံးခြင်းဖြင့် အဟာရဓါတ်မျာစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အချက်များမှာ ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ် ပေးခြင်း၊ နှင်းသီးမှာ မျက်စိအတွက်လိုအပ်တဲ့ ဗီတာမင်A ပါဝင်လို မျက်စိကို ကျန်းမာစေခြင်း၊ နှင်းသီး ဟာဆိုရင် အဟာရဓါတ်များစွာပါဝင်တဲ့အထဲမှ သံဓါတ်ပါဝင်လို့ ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန် သလို အမျိုးသမီးများအတွက် သွေးအားနည်းရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည့်အတွက် အားဆေးဖြစ်သည့်အပြင် သွားဖုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး ဈေးနှုန်းများမှာ နှင်းသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ထောပတ်သီး ဈေးနှုန်းအနေဖြင့် ထောပတ်သီး တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်ဖြင့် လည်းကောင်း ထောပတ်သီး(1)kg လျှင်(၈၀၀၀)ကျပ်ဈေးဖြင့်လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀/၁၂၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)