Main menu

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီ‌ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၄၀၀-၁၅၀၀)ဖြစ်ပြီး ဇူလိုင်လ (စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၀၀-၁၃၀၀-၁၄၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀) မြင့်တက်လာကြောင်း သိရသည်။ ကြက်သွန်နီကို စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ တို့မှဝယ်ယူပြီး ပွဲရုံမှတစ်ဆင့် မင်းလှ၊ သစ်ရာကောက်၊ မြင်ကွန်း၊ နတ်မောက်မြို့တို့မှပြန်လည်ဝယ်ယူကြကြောင်း၊ တစ်ပတ်လျှင် တန်ချိန် (၁၃)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  ရေနံချောင်းဈေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၈၀၀-၁၂၀၀-၁၄၀၀)ဖြစ်ပြီး  ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ကြက်သွန်နီကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်မြို့သို့ တင်ပို့ပြီး တစ်ပတ်လျှင် တန်ချိန်(၅၈)တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)