Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်၊ ဆီလက်ကားကိုယ်စာလှယ်၊ဈေးစည်ပင် သာယာရေးကော်မတီတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလဈေးအတွင်း/ ပြင်ပရှိ စား အုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တ ကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင် များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA (ရန်ကုန်)