Main menu

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ အသိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာ ပေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊  ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ အသိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို (၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း(စလေ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ချောင်းတက်)၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးထွန်းဆင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီး အရာရှိ ဒေါ်သိမ့်ဝါနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ် စားသောက်နိုင်စေရေး၊ Facebook ၊ Viber ၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်း လိမ်လည်မှုများမှ သတိပြုရှောင်ရှားနိုင်စေရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေ ရေးတို့အတွက် သတိပြုရမည်အချက် များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုများကို ပြသခဲ့ကြောင်း သိရသည်။

          ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊  ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် သဘာဝဘေးဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA( မကွေး)