Main menu

ငါန်းဇွန်မြို့နယ် စပါးစိုက်ပျိုးထွက်ရှိမှု

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးလျာထား ဧက (၅၅၃၀)ဧက၊ စိုက်ပျိုးဧက (၅၅၃၁)ဧကစိုက်ပျိုးပြီး အထွက်နှုန်း(၈၅.၁၇)တင်းနှင့် အထွက်တင်း ပေါင်း (၄၇၁၀၇၅)တင်း ထွက်ရှိကြောင်း၊နွေစပါး လျာထားဧက (၁၀၅၀)ဧက၊ စိုက်ပျိုးဧက (၁၀၁၁)ဧကစိုက်ပျိုးပြီး အထွက်နှုန်း( ၉၇.၂၄) တင်းနှင့် အထွက်တင်းပေါင်း (၉၈၃၁၀) တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဧရာမင်းမျိုးကို အနည်းငယ်သာ စိုက်ပျိုးပြီး မနောသုခမျိုးကိုသာ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။  နွေစပါးထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ရောင်းချရကြောင်း သိရသည်။ စပါးစိုက်ပျိုးသော ကျေးရွာများမှာ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာ၊ မိုးထောင်၊ မရိုးကုန်း၊ ကုလရွာ၊ ဆင်တပ်၊ ရွာဘို၊ရွာသစ်၊ ကျောက်တလုံး ကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။ နွေစပါးကို မြစ်ရေတင်(၈၇)ဧက၊ စက်ရေတွင်း(၃၀)ဧကနှင့် မြစ်ရေဝင်/မုယင်း စိုက်ပျိုးမှု( ၈၉၄)ဧက စသည်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)