
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ မဏိစည်သူဈေးတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြ ရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ ၏ ထောက်ခံချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိ/မရှိ၊ မြန်မာနိုင်ငံ စားသုံး သူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊တားမြစ်ချက်များအကြောင်း စသည်တို့ကို အသိပေး၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)