Main menu

မြင်းခြံမြို့ရှိ ပြည့်ဖြိုးကျော်ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဖြိုးအိမွန်နှင့် ဝန်ထမ်းများသည် ၁၇-၇-၂၀၂၅ ရက်နေ့၊ (၀၉:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၄)ရှိ ပြည့်ဖြိုးကျော်ပဲကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချ ရမှုဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များ၊ မြန်မာဘာသာဖြင့်ထည့် သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ ကြောင်းသိရှိရသည်။

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန် မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေး နှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါ ရှိရမည် ဖြစ်ပါကြောင်း၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ပါကြောင်း ပြည့်ဖြိုးကျော် ပဲကြော်လုပ်ငန်းအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၏ အခန်း (၁၈)တွင် ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ထည့်သွင်း ဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာ ဖြင့်ရေးသားဖော်ပြရမည့်အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

DOCA(မန္တလေး)