
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးများရောင်းချလျက်ရှိ ပါသည်။ဩဇာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါ ဆေးဖက်ဝင်သော အပင် ဖြစ်သည်။ဩဇာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့်နတ်ပေးကျေးရွာ၊နတ်အင်းကျေး ရွာတို့မှမိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီးလာရောက် ရောင်းချကြကြောင်း၊၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး အရွယ်သေးအလုံးသေး(၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ဩဇာသီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)