Main menu

သာစည်မြို့နယ်၊ဟံဇားကျေးရွာရှိဆန်စက်များ MyRo တွင်ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦီးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/စပါးသိုလှောင်မှုလုပ်ငန်း ၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိ သဖြင့် သာစည်မြို့နယ်ရှိ ဟံဇားကျေးရွာရှိ ရွှေနဂါးဆန်စက်၊ ဦီးတိုးမြင့်ဆန်စက် နှင့် ဦီးသိန်းခိုင် ဆန်စက်များအား MyRo တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေးကွင်းဆင်း ဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်စက်လုပ်ငန်းရှင်များအား တန်ချိန်(၂၅)တန်နှင့် အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRo တွင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မှတ်ပုံတင်ရာတွင်www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့်အချက်အလက်များကို ရှင်းလင်း ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)