
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များအပြင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိရာ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဖြိုးအိမွန်(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၁-၇-၂၀၂၅ နေ့ (၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ဇဋိလဆီဆိုင်၏ စားအုန်းဆီလက်လီ ရောင်းချနေမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော လုပ်ငန်း ရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို စားသုံးသူများ မြင်သာ အောင် Vinylများ ချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%) အမြတ်ထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ အရေအတွက်မှန်ကန် စေရေး၊ အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံး စားအုန်းဆီ(၂)ပိဿာ ရောင်းချနိုင်စေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက် နာရောင်းချစေရေး တို့ကို ကြပ်မတ်စစ်ဆေးခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)