Main menu

ဂန္ဓမာပန်းဈေးနှုန်းဈေးကွက်

Powered by Drupal

   မန္တလေးမြို့အတွင်းသို့ ပြင်ဦးလွင်၊ ပုသိမ်ကြီးမြို့နယ်များမှ ထွက်ရှိသော ဂန္ဓမာပန်းများ ဝင်ရောက်လျှက်ရှိပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည် မိမိတို့ ကိုးကွယ် ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့် အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် အရောင်အသွေးစုံလင်ပြီး မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော  ပန်းတစ်မျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းသည် တန်ဖိုးထား အမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ်ထုတ်လုပ်စိုက်ပျိုးသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် ဘုရားပန်း အဖြစ်လည်းကောင်း၊ အိမ်တွင်းပန်းအလှအဖြစ်လည်းကောင်း၊ အလှူမင်္ဂလာ အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးများသော ပန်းဖြစ်သည်။ ဂန္ဓမာပန်းသည်  အနီ၊ အဖြူ၊ အဝါ၊ ပန်းခရမ်းရောင်၊ ခရမ်းရောင်၊ နီညိုရောင်  စသည်အရောင်အသွေး စုံလင်သော ဂန္ဓမာပန်း များကို စိုက်ပျိုးခြင်းသည်လည်း စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဂန္ဓမာပန်းဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင် (၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ ညို)(၅ပန်း)ခက်ပါ တစ်စီးလျှင်(၂၀၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ) (၅)ခက်ပါ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဝါတွင်းကာလဖြစ်သော ကြောင့် ပန်းဈေးအနည်းငယ်တက်ကြောင်း ပန်းမျိုးစုံရောင်းချသူထံမှသိရှိရပါသည်။

DOCA(မန္တလေး)