Main menu

ရေနံချောင်းမြို့၊ အခြေခံပညာမူလတန်းလွန်(လှည်းတန်း)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်သည် (၂၆.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့ရှိ အခြေခံပညာမူလတန်း လွန်(လှည်းတန်း)ကျောင်း၌ ကျန်းမာပျော်ရွှင်သောကလေးများဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရှေးဦးစွာ တိုင်းရင်းဆေးမှူးဒေါ်မြင့်မြင့်ကြည်မှ အိပ်စက်အနားယူခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်းကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးရန်မသင့်သော အစားအစာ များအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရောရှိ ဒေါ်ချိုမီအောင်က ကလေးများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေမည့် အကြောင်းအရာများကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း၊ အဆိုပါ အသိပညာပေး ဟောပြောပွဲ တွင် ဆရာ၊ ဆရာမ(၇)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး၊ စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)