Main menu

သရက်မြို့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆေးဝါးရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် (၂၅.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင်  သရက်မြို့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ၎င်းဟောပြောပွဲတွင် (FDA)တာဝန်ခံမှ ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက် များအကြောင်းနှင့် ဆေးဝါးရောင်းချသူများ လိုင်စင်လျှောက်ထားခြင်း အကြောင်းအရာများအား လည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းမှ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တိုင်းရင်းဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ  ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများရောင်းချစေရေး အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွား‌ရေးလုပ်ငန်းရှင်များအား ဥပဒေ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)