
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းိ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို (၁၉-၇-၂၀၂၅) နံနက် (၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလ တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာန၊ သွားကျန်းမာရေး ဆရာဝန်များနှင့် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ သူများကို ကျန်းမာရေးနှင့် သွားခံတွင်း ဂရုစိုက်စေရန် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သင်းသင်းမာ အငယ်တန်းစာရေးက ဆိုးဆေးအန္တရာယ်နှင့် စားသုံးရန်မသင့်သော ကုန်စည်များအကြောင်းကို အသိပညာပေးရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးပြောကြားပြီး ကုန်စည်များရွေးချယ်ရာတွင် ခွဲခြားကြည့်ရှုပြီးရွေးချယ်တက်စေရန် သတိပြုရမည့်ဆိုးဆေးများ အန္တရာယ်နှင့် စားသုံးရန်မသင့်သော အစားအစာများနှင့် အချိုရည်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသူ/ သား (၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)