Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ၊ ပုသိမ်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၁၅.၇.၂၀၂၅) ရက်နေ့တွင် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

      ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ တောင်သူဦးမြင့်သန်း၏ စိုက်ဧက (၀.၂၇၅)ဧကတွင်ပြုလုပ်သည့် ပေါ်ဆန်း (၁၁)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပေါ်ဆန်း (၁၁)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက်များအား မြို့နယ်အလိုက်စိုက်ပျိုးယှဉ်ပြိုင်၍ ခရိုင်အလိုက်ပြိုင်ပွဲများ ဆက်လက်ပြုလုပ် သွားမည့်အခြေအနေများရှင်းလင်းတင်ပြပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စိုက်ဧက(၅၀) ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက် ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများယှဉ်ပြိုင်စိုက်ပျိုးခြင့်ဖြင့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမျိုးများ ရရှိ လာမည်ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)