
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၅) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “မိုးပျံ” သုံးထောင့်မုန့် လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါ သုံးထောင့်မုန့် ၏ ပါဝင်ပစ္စည်းများမှာ (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ရေသန့်) တို့ဖြစ်ပြီး တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် ဘူး(၁၀၀) ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် မုန့်တစ်ဘူး လျှင် လက်လီ (၃၀၀၀) ကျပ်၊ လက်ကား (၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိသားစုဝင် (၄) ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချ ပေးလျက်ရှိပါသည်။မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ အရည်အသွေး ပြည့်မီမှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ထုပ်ပိုးမှုနည်းစနစ်များ ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိနိုင်မှု အခြေအနေတို့အား MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)