Main menu

၂၀၂၆ ခုနှစ်အတွက် ဘက်ဂျက် ပီဆို ၉၀၀ သန်းခန့်ရှာဖွေနေသည့် ဖိလစ်ပိုင်နိုင်ငံ၏ Cyber Agency

Powered by Drupal

  ဖိလစ်ပိုင်နိုင်ငံအစိုးရ အေဂျင်စီသည် အွန်လိုင်းတွင် ခြိမ်းခြောက်မှုများ ပျံ့နှံ့လာသဖြင့် ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာတုန့်ပြန်မှုများအတွက် ၎င်း၏ ပိုင်ဆိုင်မှုနှင့် လူအင်အားကို တိုးချဲ့နိုင် ရန် ရန်ပုံငွေ ဘတ်ဂျက် ပီဆို ၉၀၀ သန်းခန့်နီးပါး ရှာဖွေနေကြောင်း သိရပါသည်။ ဆိုက်ဘာရာဇ ဝတ်မှု လေ့လာစောင့်ကြည့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စင်တာ (CICC) ကို ၂၀၂၆ ခုနှစ် အတွက် အဆိုပြုထားသော နိုင်ငံတော်ဘတ်ဂျက်တွင် ပီဆို ၄၈၀ သန်းခန့် ချထားပြီးဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် CICC ဒုတိယညွှန်ကြားရေးမှုး Renato Paraiso က The Star agency အား ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာတုန့်ပြန်မှုများအတွက် ၎င်း၏ အရင်းအမြစ်ချဲ့ထွင်ခြင်းတွင် ရန်ပုံ ငွေများကို နှစ်ဆတိုးမြင့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ Paraiso က CICC မှ ၎င်း၏ ခြိမ်းခြောက်မှုစောင့်ကြည့်ရေးစနစ်အတွက် လိုအပ်သော ထောက်လှမ်းရေးကိရိယာများ ဝယ်ယူ ခြင်း အတွက် ပီဆို ၄၀၀ သန်းခန့် တောင်းခံနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအေဂျင်စီ သည် ဒစ်ဂျစ်တယ်လိမ်လည်မှုတိုင်ကြားခြင်းများကို လက်ခံဖြေရှင်းဆောင်ရွက် နေသည့် ၎င်း၏ ဟော့လိုင်း ၁၃၂၆ အတွက် စွမ်းဆောင်ရည်များ ကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း သိရပါ သည်။ Paraiso က ၎င်းတို့၏ ဟော့လိုင်းတွင် နေ့စဥ်တိုင်ကြားနေသော တိုင်ကြားချက်များကို ဖြေရှင်းရန်အတွက် ဝန်ထမ်းများ ထပ်ခံခန့်အပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါ ဟော့လိုင်းတွင် တိုင်ကြားချက်များကို အမြန်ဆုံးလက်ခံ ဖြေရှင်းခြင်းဖြင့် အဆိုပါအေဂျင်စီအား ပြည်သူလူထုမှ ယုံကြည်မှုများပိုမိုတိုးများလာမည် ဖြစ်ကြောင်း သိရပါသည်။ CICC မှ လည်ပတ် ဆောင်ရွက်နေသည့် အဆိုပါ‌‌ဟော့လိုင်းသည် ပြည်သူလူထုမှ တိုင်ကြားလာသော သတင်းတုများနှင့် လိမ်လည်လှည့်ဖြားသည့် ဗီဒီယိုဖိုင်များ အား လက်ခံဖြေရှင်းဆောင်ရွက်ပေးနေသည့် သီးသန့်လိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Paraiso က ဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းကို တိုင်ကြားလာသောဖိုင်များအတွက် အရေးယူဆောင်ရွက်ပေးမည့် စင်တာ တစ်ခု တည်ဆောက်ရန် အသုံးပြုလိုကြောင်း သိရပါသည်။ Paraiso က ၎င်း၏ အေဂျင်စီသည် နေ့စဉ်တရားမဝင်လောင်းကစားဆိုဒ်များကို ရှာဖွေဖမ်းဆိုး နေပြီး ဖိလစ်ပိုင်နိုင်ငံတွင် ပိတ်ဆို့လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)