Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ် အတွင်း စပျစ်သီးတရုတ်မျိုး()ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၇၅၀)ကျပ်၊ စပျစ်သီးဗမာမျိုး() ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှု နည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြ သည့်အတွက် အရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)