Main menu

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဆီတို့ဟူး()သေတ္တာလျှင် (၄၂၀၀)ကျပ်၊ လက္ကား()သေတ္တာ လျှင် (၄၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထမင်းဝိုင်းများတွင် ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် မည်သည့်ဟင်းလျာဖြင့်ဖြစ်စေ တွဲဖက်စား၍ရသည့် အရန်ဟင်း တခွက်ဖြစ်ပြီး ခံတွင်းမြိန်စေကြောင်း၊ ဆီတို့ဟူးကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြ သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)