Main menu

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နမ့်စန်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိနှင့် အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)