Main menu

ဒေသထွက်ကန်စွန်းဥဈေးနှုန်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဘားအံမြို့ပေါ်တွင် မိုးများ၍ရေကြီးနေသော လည်း ဒေသထွက်ကန်စွန်းဥများ ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

      ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် ကန်စွန်းဥကို အပိုဝင်ငွေရရှိရေး တနိုင်တပိုင်စိုက်ပျိုးကြတလို စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ လူအများစုသည် ရာသီစာကန်စွန်းဥကို ပြုစားစား၊ ဖုတ်စားစား၊ ယိုထိုးစားစား၊ ဟင်းချက်စားစားစသည်ဖြင့် အမျိုးမျိုးပြုလုပ် စားသုံးကြသည်။ ကန်စွန်းဥတွင် အမျှဓာတ်၊သံဓာတ်၊ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကလက်စထရောဓာတ် တို့ပါဝင်သောကြောင့် စားသုံးသင့်သည့်အစားအစားဖြစ်သည်။ဘားအံမြို့ဒေသထွက် ကန်စွန်းဥဈေးနှုန်း များမှာ ကန်စွန်းဥအကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်နှင့် ကန်စွန်းဥအသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)