Main menu

အစားအသောက်ဝန်ဆောင်မှုပေးသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

       ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၉.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်ရှိ စားသောက်ဆိုင်(၅)ဆိုင်သို့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအားအသိပညာပေးဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်စားသောက်ဆိုင်များအနေဖြင့်  စည်ပင်သာယာရေး အဖွဲ့၏အစားအသောက်များထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းလိုင်စင်ရယူခြင်း၊ စားသောက် ဖွယ်ရာများတည်ခင်းရောင်းချရန်အတွက်အသုံးပြုသည့်အဆောက်အအုံပိုင်နက်ဥပစာအား သန့်ရှင်းစွာ ဆောင်ရွက်ထားခြင်း၊ ဆိုင်လုပ်သားများတူညီဝတ်စုံဝတ်ဆင်ထားပြီး အစားအသောက် ချက်ပြုတ် ပြင်ဆင်သူများအနေဖြင့် သတ်မှတ်ထား‌သောလက်အိတ်များ၊သန့်ရှင်းသော ရှေ့ဖုံးပါဝတ်စုံနှင့် ခေါင်းစွပ် များ ဝတ်ဆင်ထားခြင်းဆောင်ရွက်ထားကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

          စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့်လုပ်ငန်းရှင်များအား စားဖိုဆောင်တွင် ပိုးမွှားပေါက်ဖွားမှု မရှိစေရန် ခြေနင်းပါအမိုက်ပုံးများထားရှိရန်၊ ကျန်းမာရေးဦးစီးဌာန၏ ကူးစက်ရောဂါကင်းရှင်းခွင့် ထောက်ခံချက်လက်မှတ်ရယူရန်၊ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များ သိရှိစေရန်အတွက် ဈေးနှုန်းအားဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွား‌ရေး လုပ်ငန်းရှင်သည်  စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက် များကို လိုက်နာဆောင်ရွက်သွားရန်နှင့်သက်ဆိုင်ရာဌာနများ၏အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)