Main menu

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်၊ ညောင်ဝိုင်းရပ်ကွက်နှင့် မရမ်းကုန်းရပ်ကွက်တို့တွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၃၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ပန်းပဲရပ်ကွက်၊ ညောင်ဝိုင်းရပ်ကွက်နှင့် မရမ်းကုန်းရပ်ကွက်တို့တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)