Main menu

မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း အကောက်ခွန်မဲ့စားသုံးဆီများ ဖမ်းဆီးရရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်ကန့်သတ်၊ တားမြစ် ကုန်စည်များနှင့် အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီးအဆင့် တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး ကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့အား မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ် လျက်ရှိရာ (၄.၁၀.၂၀၂၁)ရက်နေ့မှ စ၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ကုန်တင်/ကုန်ချပြုလုပ်သော မော်တော်ယာဉ်များအား စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။

           (၂၄.၈.၂၀၂၂)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်ခန့်တွင် မကွေးမြို့အတွင်သို့ ကုန်စည်များ ပေးပို့သည့် မော်တော်ယာဉ်များအား အမှတ်(၂) ဂိတ်စခန်း၌ တာဝန်ကျ ဝန်ထမ်းများ ဖြစ်သော စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်း(၂)ဦးမှ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့မှ မကွေးမြို့သို့ ကုန်မျိုးစုံသယ်ဆောင်လာသော (၁၂)ဘီး မော်တော်ယာဉ် ပေါ်တွင် ထိုင်းနိုင်ငံထုတ် Cooking Oil (18 Liter) (၇၅)ပုံး အားတွေ့ရှိသဖြင့် အဆိုပါပစ္စည်းနှင့် ပတ်သတ်၍ အထောက် အထားများတောင်းခံရာတွင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီးစစ်ဆေးရေးအဖွဲ့ သို့သတင်းပေးပို့ပြီး   ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ ထပ်မံစစ်ဆေး၍ အကောက်ခွန်မဲ့ တင်သွင်း လာသော ထိုင်းနိုင်ငံထုတ် Cooking Oil (18 Liter) (၇၅)ပုံး ခန့်မှန်းတန်ဖိုးငွေကျပ် (၃,၇၅၀,၀၀ဝိ/-) (သုံးဆယ်ခုနှစ်သိန်း ငါးသောင်း)ကျပ် နှင့် အဆိုပါအကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင် လာသော HINO Truck  (၁၂)ဘီး မော်တော်ယာဉ် ခန့်မှန်း တန်ဖိုးငွေကျပ် (၃၇,၀၀၀,၀၀ဝိ/-) (သိန်းသုံးရာ ခုနှစ်ဆယ်) ကျပ် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၄၀,၇၅၀,၀၀ဝိ/-) (သိန်းလေးရာ ခုနှစ်သိန်း ငါးသောင်း) ကျပ်အား  (၂၄.၈.၂၀၂၂)ရက်နေ့ ညနေ (၁၇:၀၀)နာရီ အချိန်တွင် လုပ်ထုံး လုပ်နည်း များနှင့်အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာနထံသို့ လွဲပြောင်းအပ်နှံပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)