Main menu

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ( ၁ )ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး အစည်းအဝေး ကျင်းပ

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ( )ရက်နေ့၊  နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးအရဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းအဆင့်ဌာနမှ အကြီးအကဲများ (၁၅)ဦးနှင့် စီးပွားရေး လုပ်ငန်းရှင်များ (၄၇)ဦး ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်/ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများမှ Online ဖြင့် တက်ရောက်သူ (၁၁) ဦး၊ စုစုပေါင်း  (၇၅) ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

          အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ အစည်းအဝေးအား ကဏ္ဍစုံမှ လုပ်ငန်းရှင်များ တက်ရောက်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလိုအစည်းအဝေးခေါ်ယူရခြင်းမှာ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးအတွက် လမ်းခရီးတွင် မလိုအပ်သည့် ကြန့်ကြာမှုများ မရှိစေရေး၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ရောက်ရှိစေရေး၊ ဈေးကွက်ဝယ်/ရောင်းလိုအား မျှတစေရေးတို့အတွက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အခက်အခဲများအား လွတ်လွတ်လပ်လပ် ဆွေးနွေးပေးစေလိုပါကြောင်း၊ လမ်းခရီးရှိ စစ်ဆေးရေး ဂိတ်များတွင် ငွေကောက်ခံမှုအား လုံးဝခွင့်မပြုပါကြောင်း၊ တရားမဝင် ကုန်စည်တိုက်ဖျက် ရေးအဖွဲ့များအနေဖြင့် ပြည်သူများအပေါ်   ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြောဆိုရန် ကြီးကြပ်ထား ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍  ခရီးသည်ပို့ဆောင်ရေးကားအသင်းများ၊ ဆေးရုံနှင့် ဆေးကုမ္ပဏီများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ ရေခဲစက်လုပ်ငန်းရှင်များ၊ ဂက်စ်အရောင်းဆိုင်လုပ်ငန်း ရှင်များ၊ ပေပါရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ဝိုင်ဖိုင်နှင့် အင်တာနက် အရောင်းဆိုင်များ၊ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ Mobile ဖုန်းဆိုင်များနှင့် ဖုန်းဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များကလည်း တင်ပြဆွေးနွေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီထောက်ခံစာဖြင့် ဖြတ်သန်းသွားသော်လည်း  သယ်ယူခွင့်မပြုသဖြင့် ပစ္စည်းများ မရောက်ရှိသေးကြောင်းနှင့် အခက်အခဲများစွာရှိနေပါသေးကြောင်း တင်ပြခဲ့ကြပါသည်။

   ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်က ယနေ့အစည်းအဝေး၏ ဆွေးနွေးချက်များကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များက သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများ၊ မိမိတိုင်း ဒေသကြီးအတွင်း ဈေးနှုန်းသက်သက်သာသာဖြင့် ရရှိစေရေး ၊ ဈေးကွက် ဝယ်လိုအားရှိသလောက် ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မလိုအပ်သည့် ငွေကောက်ခံ မှုများမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို အကြောင်းကြား ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၊ နိဂုံးချူပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)