Main menu

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင်  ဝက်လက်မြို့နယ်တာဝန်ခံသည် ဝက်လက်မြို့ အမှတ်(၁)ရပ်ကွက်၊ မြင်တော်လမ်းထွက်ရှိ အောင်စံဖြိုးစက်သုံးဆီအရောင်းဆိုင်နှင့် အမှတ်(၃)ရက်ကွက်၊ လိန်ပင်လမ်းထွက်ရှိ လင်းမြန်မာ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန် မှန်ကန်မှုရှိ/မရှိစစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန် ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်  စက်သုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊    ကုန်စည်နှင့်စပ်လျဉ်းအာမခံချက်ပေးခြင်း၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊   တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများ၊ အခန်း(၂၃)ပါတားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)