Main menu

ကျွန်းလှမြို့၏ မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံဆိုင်များတွင် ဆိုင်များတွင် ရောင်းချနေသော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၆၀၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း။ မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ(၁၀)ပိဿာ တစ်ပုံး လျှင်(၂၀၀၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း ၊အလားတူပင် မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင် များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)