
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင် (၂)ဆိုင်၌ ဖြန်ဖြူးရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “မမင်းမင်း” ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော TEAPOT အမှတ်တံဆိပ် နို့စိမ်း (၃၉၀ ဂရမ်)ဘူးများသည် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိပြီး “မိသားစု” ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော Yangon(ရန်ကုန်)အမှတ်တံဆိပ် မြေပဲဆီသန့်(၅၀ ကျပ်သား)ဘူးများသည်လည်း ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ (၁/၂၀၂၁)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(စစ်ကိုင်း)