Main menu

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ မုံရွာတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာလုပ်ငန်းများကို လျာထားချက်များသတ်မှတ်၍ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီး ဌာနရုံးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီတို့၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူအသိပညာပေးဟောပြောပွဲများကို ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်း ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များတွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမုံရွာမြို့တွင် စားသုံးသူအသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထက် က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုရန်အတွက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရခြင်းများ ရှိသည့်အတွက် မိမိတို့အားလုံးသည် စားသုံးသူများဖြစ်ကြပါကြောင်း၊ မိမိတို့၏ စားသုံးသူအခွင့်အရေး များနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းဟောပြောပေးသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရရှိလာသော အသိပညာဗဟုသုတများကို မိမိတို့နှင့် ဆက်စပ်ပတ်သက်သူများအား ဆက်လက် ဝေမျှပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

       ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံနှင့် ဦးစီးဌာများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ မျှော်မှန်းချက်နှင့် ရည်မှန်း ချက်တာဝန်များ၊ စားသုံးအခွင့်အရေးပေါ်ပေါက်လာပုံသမိုင်းနှင့် စားသုံးသူအခွင့်ရေးများ၊ တာဝန်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ပါသည်။ ထို့နောက် ဦးစီးအရာရှိဒေါ်ခိုင်မို့မို့က ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနက ဖြေရှင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ဆက်လက်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

      ဟောပြောပွဲကို တက်ရောက်လာသောဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေပေးခဲ့ကြောင်း၊ ဟောပြောပွဲသို့ အဆိုပါသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)