Main menu

“ ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်း အောင်မြတ်က ပါတီစုဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေး၊ စီမံ ခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ မြို့နယ်အနေဖြင့် သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီရေးနှင့် ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရေး၊ မိုးစပါးလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာ များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချပြဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ သိရှိလိုသည့်အချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)