
ကမ္ဘောဒီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် စီးပွားရေးကဏ္ဍ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရန်နှင့်တိုးချဲ့ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Vong Sauth နှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး Elnur Mammadov တို့သည် အမျိုးသားလွှတ်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အလေးပေး၍ သံတမန်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယား-အဇာဘိုင်ဂျန် ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုရေးရာများ အပါအဝင် အဓိက ကဏ္ဍများကို အာရုံစိုက်ထားကြောင်း Mammadov က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ကြောင်း Mammadov က ဆက်လက်ပြောကြားခဲ့သည်။ တွေ့ဆုံမှုအတွင်း ကမ္ဘောဒီးယား နိုင်ငံမှ လယ်ယာထွက်ကုန်များဖြစ်သော ဆန်၊ ငရုတ်ကောင်း၊ သရက်သီးနှင့် သီဟိုဠ်စေ့တင်ပို့မှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့်တိုးမြှင့်ရန် သိသာထင်ရှားသော အလားအလာများ ရှိနေဆဲဖြစ်ကြောင်း Vong Sauth က အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
Source: Khmer Times