Main menu

ကန့်ဘလူမြို့ပန်းဈေးကွက်တွင် အရောင်းသွက်သည့်  သပြေပန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေ ကြောင်း သိရသည်။

     သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်၊ အနီရောင်အဆင်းရှိသောကြောင့် လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူပန်းဈေး ကွက်တွင် သပြေပန်းခက်(၁)စီးလျှင် (၅၀၀မှ ၈၀၀)ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင် (၄၀၀၀)ကျပ် နှင့် အသေး(၁)ငုတ်လျှင် (၁၅၀၀မှ ၂၅၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ သပြေပန်းအငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)