Main menu

ဆေးဖက်ဝင် ပန်းခါးခြောက်အကြောင်း

Powered by Drupal
ပန်းခါးပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အပူပိုင်းနှင့်သမပိုင်းဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်ကာ အာရှတိုက်၏ဒေသအများအပြားတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ ပေါက်ရောက်ပြီး ပူပြင်းခြောက်သွေ့သော ဒေသနှင့် မိုးများသောဒေသနှစ်မျိုးလုံးတွင် ပေါက်ရောက်နိုင်ပါသည်။ ပန်းခါးပင် သည် ရာသီဥတုဒဏ်ခံနိုင်ပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါ လှသော အပင်တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ပန်းခါးပွင့်ခြောက်များကို အများဆုံးထုတ်လုပ်နိုင်ပြီး ပန်းခါးပင် အကိုင်းနှင့် အခေါက်များကို ထင်းအဖြစ်လည်း အသုံးပြုကြပါသည်။ ပန်းခါးပွင့်သည် ခါးသက်သော အရသာရှိကာ ပန်းခါးပွင့်ကို အခြောက်လှန်း၍ လက်ဖက်ရည်ကြမ်း အဖြစ်သောက်သုံးခြင်း၊ ဆေးဝါးအဖြစ်ဖော်စပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပန်းခါးပွင့်ခြောက်ကို ရေနွေးစိမ်၍ သောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး သွေးတိုးကျစေနိုင်ပါသည်။ ပန်းခါးပွင့်ခြောက်များကို နေပူပူတွင် ၂-၃ ရက်ကြာလှန်း နိုင်ပြီး လေလုံအိတ်တွင်သိမ်းဆည်းနိုင်ပါသည်။ လက်ရှိဈေးကွက်ထဲတွင် ပန်းခါးပွင့်ခြောက်များကို အလေး ချိန် ပါဝင်မှုပေါ်မူတည်ပြီး ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ DOCA(ပဲခူး)