Main menu

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အပတ်စဉ်သောကြာနေ့တိုင်း ရုံးတွင်းသန့်ရှင်းရေးပြုလုပ်

Powered by Drupal

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုတို့ဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ရုံးတွင်းသန့်ရှင်းရေးကို စုပေါင်းညီညာစွာဖြင့် ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

    အပတ်စဉ်သောကြာနေ့တိုင်း ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံးအတွင်း၌ သန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၅.၆.၂၀၂၅ ရက်နေ့တွင် ရုံးအတွင်းရှိ အစည်းအဝေးခန်း၊ ဘုရားခန်း၊ ဌာနခွဲအလိုက်ရုံးခန်းများရှိ စားပွဲများ၊ ထိုင်ခုံများအား ဖုန်သုတ်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ နေရာထိုင်ခင်းများအား စနစ် တကျဖြစ်စေရန် နေရာချခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်တောင်းသွန်ခြင်း စသည့် သန့်ရှင်းရေး အလုပ်များကို တပျော်တပါး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)