Main menu

ပြည်ဒေသထွက် ကတွတ်သီးဈေးကွက်

Powered by Drupal

      ပြည်ဒေသမှထွက်ရှိသော ကတွတ်သီးများ ဈေးကွက်တွင် စတင်ထွက်ရှိလာပြီဖြစ်ပါသည်။ ကတွတ် သီးကို ပြည်မြို့ရှိမှော်ဇာကျေးရွာ၊ သဇင်လှရွာတို့မှထွက်ရှိကြောင်း သိရပါသည်။ ပေါ်စ ဖြစ်သောကြောင့် အထွက်နည်းကာဈေးကောင်းရသဖြင့်ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်က ကတွတ်သီး အလုံး (၁၀၀)ကို (၁၅၀၀-၂၀၀၀)ကျပ်ဖြင့်စတင်ရောင်းချကြပြီး ယခုနှစ်တွင်တော့ အလုံး(၁၀၀) လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချကြကြောင်း သိရပါသည်။ ကတွတ်သီး စတင်ထွက်ရှိလာ ပြီဖြစ်သောကြောင့် ယိုထိုး ပါက အရောင်းလှပြီး အချဉ်ပေါ့ကာ ဝယ်သူအကြိုက် ဖြစ်သောကြောင့် လတ်ဆက်သော (ယခုနှစ်ပေါ်) ကတွတ်ယိုများစားသုံးသူများ လက်ဝယ်သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။

DOCA(ပဲခူး)