Main menu

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်စတုတ္ထပတ် ယခင်နှစ်နှင့် ယခုနှစ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲသီးနှံများမှာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ် ဇူလိုင်လတွင် မတ်ပဲဈေးနှုန်းအေးနေပြီး ပဲတစ်တင်းကို (၉၅၀၀၀-၉၅၅၀၀-၉၆၅၀၀)ကျပ်ဖြင့် ဈေးနှုန်းအေးလျက်ရှိနေခဲ့ပါသည်။ ဇူလိုင်စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၉၆၅၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် (၂၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၉၀၀၀-၁၀၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် မတ်ပဲဈေးကိုကြည့်လျှင် ယခင်နှစ်ဈေးကပိုမိုမြင့်နေခဲ့ကြောင်း သိရှိရပါသည်။

ပဲစင်းငုံ

          ယခုနှစ် ဇူလိုင် စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၈၇၀၀၀-၈၈၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ်(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၁၃၆၆၀၀-၁၃၇၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၂၀၀)ခန့်အရောင်းအဝယ်ရှိပါသည်။ ယခင်နှစ်ပဲစင်းငုံတစ်တင်းဈေးက ယခုနှစ်ထက် ပိုမိုကောင်းမွန်ခဲ့ပါသည်။ ပဲတစ်တင်းကို (၄၉၀၀၀-၅၀၀၀၀)ကျပ်ခန့် ယခင်နှစ်ကဈေးပိုရခဲ့ပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံ အဝယ်တစ်ရက်ကို (၂၀၀)ခန့်ရှိပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို (၈၅၀၀၀-၈၆၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၇၅၀၀-၈၈၀၀၀)ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားများအဝယ်ရှိခဲ့ပါသည်။ ကုလားပဲတစ်တင်းကို ယခုနှစ်ဈေးက ယခင်နှစ်ထက် ပိုမို ကောင်းမွန်ခဲ့ပါသည်။

ပဲကြီး

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်၊ (ကုန်းပဲ) တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၂၅၀/၃၀၀)ခန့် အဝယ်ရှိပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၉၀၀၀)ကျပ်၊ (ကုန်းပဲ)တစ်တင်းကို (၈၄၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိ ခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ပဲကြီးဈေးကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို (၁၆၀၀၀)ကျပ်၊ (ကုန်းပဲ)တစ်တင်းကို (၁၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ ပါသည်။

ဘိုကိတ်

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် လက်လီရော လက်ကားပါ အရောင်းအဝယ်ရှိပြီး လက်လီတစ်ရက်ကိုအိတ် (၅၀/၁၀၀)ခန့် လက်ကားအဝယ်တစ်ရက်ကိုအိတ် (၂၀၀)ခန့် ရှိခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဘိုကိတ်ပဲဈေးက ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရပါသည်။

စားတော်ပဲ

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၉၀၀၀၀-၁၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၂၅)ခန့် အဝယ်ရှိပါသည်။ ယခင်နှစ် ဇူလိုင် နောက်ဆုံးပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၀၆၀၀၀-၁၀၇၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် စားတော်ပဲ(ကျွန်း)ဈေးက ယခင်နှစ်ထက်ပိုမိုကောင်းမွန်ပြီး တစ်တင်း လျှင် (၈၄၀၀၀-၈၅၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းဈေးမှာ ပိုမိုမြင့်နေကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ် ပဲတစ်တင်း ဈေးမှာ ယခင်နှစ်ကဈေးမှာ ပိုမိုကောင်းမွန်ခဲ့ပြီး ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ တစ်တင်းဈေးမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာ ဈေးပိုမိုကောင်းခဲ့လေ့လာသိရှိရပါသည်။

စဉ်

အမျိုး၊အမည်

ဇူလိုင်လ စတုတ္ထပတ်

ယခင်နှစ်

ယခုနှစ်

မတ်ပဲ

၁၀၉၀၀၀/၁၀၉၅၀၀

၉၅၀၀၀/၉၆၅၀၀

ပဲစင်းငုံ

၁၃၆၆၀၀/၁၃၇၀၀၀

၈၇၀၀၀/၈၈၀၀၀

ကုလားပဲ(HL)

၈၅၀၀၀/၈၆၀၀၀

၉၀၀၀၀

ကုလားပဲ(မြကြေးမှုံ)

၈၇၅၀၀/၈၈၀၀၀

၉၅၀၀၀

ပဲကြီး(ရွှေကျွန်း)

၈၉၀၀၀

၁၀၅၀၀၀

ပဲကြီး(ကမ်းနား)

၈၄၀၀၀

၉၅၀၀၀

ဘိုကိတ်ပဲ

၉၂၀၀၀/၉၃၀၀၀

၇၀၀၀၀

စားတော်ပဲ(ကျွန်း)

၁၀၆၀၀၀/၁၀၇၀၀၀

၁၉၀၀၀၀/၁၉၅၀၀၀

 

DOCA(ပဲခူး)