
ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် စားတော်ပဲ၊ ကုလားပဲလုံးနှင့် ပဲကြီးသီးနှံဈေးများမှာ မြင်တက်လာခဲ့ပါသည်။ ယခင်မေလတွင် စားတော်ပဲတစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ ဇွန်လတွင် (၁၇၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ဇွန်လတွင် တစ်တင်းလျှင် (၅၅၀၀)ကျပ် ဈေးမြင့်တက် လာခဲ့ပါသည်။ ယခုအပတ်ဖြစ်သော ဇူလိုင်လနောက်ဆုံးပတ်တွင် စားတော်ပဲတစ်တင်းလျှင် ၁၉၀၀၀၀-၁၉၅၀၀၀ကျပ်ဖြင့် ရောင်းချနေသဖြင့် ပဲဈေးမှာ ဆက်လက်မြင့်လာတာတွေ့ရပါသည်။ ထိုအတူ ကုလားပဲဈေးမှာလည်း ယခင်မေလတွင် တစ်တင်းလျှင် (၉၁၀၀၀)ကျပ်၊ ဇွန်လတွင် (၉၂၀၀၀)ကျပ်ဖြစ်ခဲ့၍ ဇွန်လတွင် တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပါသည်။ ကုလားပဲဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်သဖြင့် ယခင်လထက်စာလျှင် ယခုလမှာ တစ်တင်းလျှင် (၃၀၀၀)ကျပ်ခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ပဲကြီးဈေးမှာလည်း မေလတွင် တစ်တင်းကို (၈၀၀၀၀)ကျပ်၊ ဇွန်လတွင် တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင်လ၏ နောက်ဆုံးအပတ်တွင် တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသဖြင့် တစ်လထက် တစ်လဈေးမြင့်လာတာတွေ့ရပါသည်။
ပြည်ဈေးကွက်တွင် အဆိုပါပဲ(၃)မျိုးဈေးမြင့်လာရခြင်းမှာ မြို့တွင်းအဝယ်ရှိ၍ တစ်ရက်လျှင် အိတ်(၃၀၀ မှ ၅၀၀)အထိ အရောင်းအဝယ်ဖြစ်၍ ဝယ်လိုအားများ၍ ဈေးမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရပါသည်။ ပဲကြီးနှင့် ကုလားပဲမှာ မြို့တွင်းခွဲစက်သမားများက ဝယ်ယူမှုရှိခြင်း၊ စားတော်ပဲကို မြို့တွင်းလက်လီသမားများက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်မှာ နေ့စဉ်ဖြစ် လျက်ရှိပါသည်။
DOCA(ပဲခူး)