
ပြည်ခရိုင်တွင်ယခုနှစ် ၂၀၂၅-၂၀၂၆ တွင်နွေစပါးစိုက်ဧက (၃၆၅၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ ပါသည်။ အထွက်နှုန်းအနေဖြင့် (၁၁၂)တင်းထွက်ရှိပြီး နွေစပါးစတင်ထွက်ပေါ်ချိန်တွင် စပါးတင်း (၁၀၀)လျှင် (၁၀၅၀၀၀၀)ကျပ်ဈေးဖြင့် အစိုဓာတ်ပေါ်မူတည်၍ ဈေးနှင့်ဝယ်ယူခဲ့ပြီး ယခုဇူလိုင်လ တွင်နွေစပါးမှာ အစိုဓာတ်နည်းပါးလာခြင်း၊ စပါးလက်ကျန်နဲလာခြင်းကြောင့် စပါးဈေးမှာ (၄၆)ပေါင် တင်း (၁၀၀)လျှင် (၁၂၈၀၀၀၀)ကျပ်ထိ ဈေးမြင့်တက်လာပါသည်။ နွေဆန်ဈေးမှာ (၁၀၈) ပေါင် ဆန်တစ်အိတ်လျှင် ဧည့်မထ ဆန်(၅၅၀၀၀)ကျပ်မှ (၆၃၅၀၀)ဖြင့် အရောင်းအဝယ် ရှိပါသည်။ ပြည်ခရိုင်အတွင်းတွင် မိုးစပါးများ စတင်စိုက်ပျိုးနေပြီး ဇူလိုင်လအထိ စိုက်ပျိုးပြီးစီးမှုဧက (၁၃၄၆၀၀)ဧကရှိပါသည်။ ပြည်ခရိုင် အနေဖြင့် မိုးစပါးထက်နွေစပါးမှာ အထွက်နှုန်းပိုမို ထွက်ရှိသော်လည်း ဆည်ရေရရှိသော ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်တို့တွင် သာစိုက်ပျိုးနိုင်ပါသည်။ မိုးစပါးအနေဖြင့် ဆင်းသုခ၊ ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီစပါး (၁၀)မျိုးအစား မျိုးစေ့များကိုစာ အဓိကစိုက်ပျိုးပြီး နွေစပါးအနေဖြင့် ရက်(၉၀)စပါး၊ RT-85 စပါးမျိုးကိုသာ စိုက်ပျိုးပါသည်။ ဈေးကွက်အနေဖြင့် နွေစပါးဈေးမြင့်တက်ခဲ့သော်လည်း နွေဆန်ဈေးမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(ပဲခူး)