Main menu

“ ကော့မှူးမြို့နယ်၌ယခုနှစ်ဇူလိုင်လလယ်တွင်မိုးစပါး(၆၇၉၀၄)ဧကစိုက်ပျိုးပြီးစီး”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (၈၈၀၈၇) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဇူလိုင်လ လယ်တွင် မိုးစပါး (၆၇၉၀၄)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          ကော့မှူးမြို့နယ်အနေဖြင့် ယခုနှစ်တွင် စပါးစိုက်မျိုးကောင်းမျိုးသန့် တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်ရည်ရွယ်၍ မိုးစပါးမျိုးကွဲအလိုက် ပြီးစီးမှုအခြေအနေမှာ (၆၇၉၀၄)ဧကအား ဇူလိုင်လ(၁၅)ရက်နေ့စာရင်းအရ သိရှိရပြီး အဆိုပါမိုးစပါးများ လျာထားချက်အတိုင်း ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မိုးစပါးအထွက်နှုန်း ကောင်းမွန်စေရန် လိုအပ်တဲ့ဓာတ်မြေဩဇာတွေကိုလည်း ပံ့ပိုးပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်စီစဉ်ပေးလျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာတွေကိုလည်း စိုက်ပျိုးရေးနည်းလမ်း တွေအတိုင်း အသုံးပြုနိုင်သည့် နည်းပညာပေးလုပ်ငန်းတွေ အထွက်နှုန်းနဲ့ စပါးအရည်အသွေး ပြည့်မီရေးအတွက်ကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စားရေးရိက္ခာ ဖူလုံပေါများရေးနှင့် ပတ်သတ်၍ အဓိကစားကုန်ကြမ်းဖြစ်သည့် ဆန်သည်ပြည်တွင်း၌ ဖူလုံမှုရှိသည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တိုးမြှင့်တင်ပို့လျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ပါက ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)